Sunday, 15 December 2013
Monday, 2 December 2013
၂၆-ကြိမ်မြောက် သာသနာ့ဝန်ဆောင် သာမဏေကျော် စာတော်ပြန်ပွဲ စာမေးပွဲ
၂၆-ကြိမ်မြောက် သာသနာ့ဝန်ဆောင် သာမဏေကျော် စာတော်ပြန်ပွဲ စာမေးပွဲ (စာရင်းသွင်း)
အဆင့်
|
သာမဏေ
|
သီလရှင်
|
စုစုပေါင်း
|
ပထမ
|
၁၃၆၂
|
၅၃
|
၁၄၁၅
|
ဒုတိယ
|
၆၆၄
|
၅၀
|
၇၁၄
|
တတိယ
|
၂၇၄
|
၂၀
|
၂၉၄
|
ပေါင်း
|
၂၃၀၀
|
၁၂၃
|
၂၄၂၃
|
ပထမဆင့် နှုတ်ထောက် အာဂုံ
ဖြေဆိုခွင့်ရ သာမဏေ/သီလရှင် များ ကို ပထမနေ့ ၂၀၁၃-ခု ဒီဇင်ဘာလ
(၈)ရက်နေ့ နံနက် ၈ နာရီ မှ ညနေ ၄ နာရီ နှင့် ဒုတိယနေ့ ၂၀၁၃-ခု ဒီဇင်ဘာလ
(၉)ရက်နေ့ နံနက် ၈ နာရီ မှ ညနေ ၄ နာရီ အထိ ဖြေဆိုကြရပါမည်။ အောင်စာရင်းကို ၂၀၁၃-ခု
ဒီဇင်ဘာလ (၁၁)ရက်နေ့တွင်ထုတ်ပြန်ကြေငြာပါမည်။
၂၀၁၃-ခု ဒီဇင်ဘာလ (၁၂-၁၃-၁၄)ရက်နေ့များတွင်နှုတ်ဖြေအောင်မြင်သော
ပထမဆင့် သာမဏေ/သီလရှင် များသည်
နံနက် ၈-နာရီ မှ ၁၁ နာရီ အထိ ၎င်း၊ ဒုတိယဆင့်/တတိယဆင့် သာမဏေ/သီလရှင် များသည် နေ့ ၁၂း၃၀ - နာရီ မှ ညနေ ၄း၃၁ နာရီ အထိ ၎င်း
ရေးဖြေစာမေးပွဲ ဖြေဆိုကြရပါမည်။
Friday, 11 October 2013
Sunday, 29 September 2013
Saturday, 28 September 2013
(၂၅) ကြိမ်မြောက် သာမဏေကျော် စာတော်ပြန်ပွဲ အခြေအနေပြဇယား
(၂၅) ကြိမ်မြောက် သာမဏေကျော်
စာတော်ပြန်ပွဲ အခြေအနေပြဇယား
မှတ်ချက်။ ၂၀၁၂-ခု ဒီဇင်ဘာလတွင် နှုတ်ထောက်အာဂုံ စာမေးပွဲ နှင့် ရေးဖြေ စာမေးပွဲ ကျင်းပ၍ ၂၀၁၃-ခု ဇန္နဝါရီ လတွင် အောင်စာရင်း ထုတ်ပြန်ပါသည်။
|
အဆင့်
|
ပုဂ္ဂိုလ်
|
စာရင်းသွင်း
|
ဖြေဆို
|
အောင်
|
|
တတိယဆင့်
|
သာမဏေ
သီလရှင်
|
၂၆၉
၁၃
|
၂၅၁
၁၃
|
၄၀
၃
|
|
ဒုတိယဆင့်
|
သာမဏေ
သီလရှင်
|
၅၂၉
၅၁
|
၄၆၁
၄၅
|
၁၃၁
၁၄
|
|
ပထမဆင့်
|
သာမဏေ
သီလရှင်
|
၁၂၈၁
၆၆
|
၁၀၀၁
၅၃
|
၄၅၄
၂၅
|
|
|
စုစုပေါင်း
|
၂၂၀၉
|
၁၈၃၄
|
၆၆၇
|
မှတ်ချက်။ ၂၀၁၂-ခု ဒီဇင်ဘာလတွင် နှုတ်ထောက်အာဂုံ စာမေးပွဲ နှင့် ရေးဖြေ စာမေးပွဲ ကျင်းပ၍ ၂၀၁၃-ခု ဇန္နဝါရီ လတွင် အောင်စာရင်း ထုတ်ပြန်ပါသည်။
Monday, 16 September 2013
အဖွဲ့အမှတ်အသားတံဆိပ်
အဖွဲ့၏တံဆိပ်သည်
အလယ်တွင် ခြင်္သေ့လေးစီးပါ အသောကကျောက် တိုင်ပုံ ပါရှိ၍ ”ရှင်သာမဏေဓမ္မဗိမာန် သာသနာ့
ဝန်ဆောင်အဖွဲ့” နှင့် ၁၃၅၄ - ၁၉၉၂ ဟု့ ပါရှိသည်။
မှတ်ချက်။ ။နိဂြောဓသာမဏေနှင့် အာသောကမင်းကြီးတို့ သာသနာပြု့ပုံကို
နှလုံးမူ၍ အာသောကကျောက်တိုင်တံဆိပ်ကို သတ်မှတ်ပါသည်။
အဖွဲ့ဝင်အရည်အချင်း
(က) မြတ်စွာဘုရား
သာသနာတော်အပေါ်၌ ယုံကြည်သက်ဝင် သဒ္ဓါတရားရှိ၍ သရဏဂုံသုံးပါးတည်ပြီး ဖြောင့်မတ်သောစိတ်ရှိသူတိုင်း
အဖွဲ့ဝင်အဖြစ် ဝင်ရောက် ကုသိုလ် ယူနှိုင်ပါသည်။
(ခ) အဖွဲ့ဝင်အဖြစ် ရာသက်ပန်ကြေး ၅၀၀ိ/- သတ်မှတ်ပါသည်။
Sunday, 15 September 2013
သာသနာ့ ဝန်ဆောင် သာမဏေကျော်အဖွဲ့ ဖြစ်ပေါ်လာပုံ
မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးစ အချိန် ၁၉၄၈-ခုနှစ်တွင်
လမ်းမတော်သရက်တောတိုက် ကျောက်ပန်းတောင်း ဆရာတော် ဦးဉာဏုတ္တရ ၏ ဆုံးမသြဝါဒကို နာယူလျက်
သုဓမ္မဝတီ ဦးပန်းမောင် နှင့် သာသနာပြုဘက် ပုဂ္ဂိုလ်များသည် ဗုဒ္ဓသာသနာအကျိုး မျှော်ကိုး၍
အနာဂတ်ကာလ သာသနာကို ယခု ရှင်သာမဏေများက စောင့်ရှောက်ကြမည်ဟု ယုံကြည်ကြသောကြောင့် အာဇာနည်သာမဏေများကို
ချီးမြှင့်ရန်ရည်ရွယ်ပြီး ရှင်သာမဏေ စာပြန်ပွဲကြီးကို ကျင်းပခဲ့ကြပါသည်။
ထိုသို့ ကျင်းပရာတွင် စာဖြေဌာန အတိအကျမရှိဘဲ သင့်လျော်သည့်နေရာတွင် ကျင်းပ ခဲ့ပါသည်၊ စာအောင်ဆုနှင်းပွဲကိုမူ ရန်ကုန်မြို့တော် ခန်းမကြီး၌ ကျင်းပရာ၊
သမ္မတကြီး စပ်ရွှေသိုက် စသော နိုင်ငံတော် အကြီးအကဲများက နှစ်စဉ် တက်ရောက် ချီးမြှင့်ခဲ့ကြပါသည်။
၁၉၆၂-ခု မေလ(၃၁)ရက်နေ့တွင် ယခုလက်ရှိ ရှင်သာမဏေဓမ္မဗိမာန်
မြေနေရာ၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းအဖွဲ့က ရှင်သာမဏေစာပြန်ပွဲအဖွဲ့ကို ဗိမာန်ကြီး
ဆောက်လုပ်ရန် နေရာချထားခဲ့ပါသည်၊ ထိုအချိန်တွင် ဦးပန်းမောင် ကွယ်လွန်ပြီးဖြစ်၍ သုဓမ္မဝတီ
ဦးတင်ထူးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူချိန် ဖြစ်ပါသည်။ဆက်လက်၍ မ န္တလေး မစိုးရိမ် ဆရာတော် ဘုရားကြီးအမှူးပြုသော
ဆရာတော်များ ဦးဆောင်ပြီး ဗိမ္မာန်ကြီးကို ပန္နက်တင် အုတ်မြစ်ချခဲ့ပါသည်။ ရန်ပုံငွေ အခြေအနေအရ
အဆောက်အအုံကြီးကို တဖြည်းဖြည်း တည်ဆောက်လာခဲ့ရာ ၁၉၇၄-ခုနှစ်တွင် ငွေဇင်ယော်ဆီစက် ပိုင်ရှင်
ဦးကြင်-ဒေါ်စောညွန့် မိသားစုတို့က မတည်လှူဒါန်းသောကြောင့် အပြီးသတ်ခဲ့ပါသည်။
ရှင်သာမဏေစာပြန်ပွဲကြီးကိုလည်း ဆက်လက်ကျင်းပလာရာ (၃၃)ကြိမ်မြောက်အပြီး
၁၉၈၇-ခုနှစ်တွင် ဥက္ကဋ္ဌကြီး ဦးတင်ထူး မျက်စေ့ကွယ်သွား၍ စာပြန်ပွဲကြီးကို ဆက်လက်ကျင်းပရန်
အခက်အခဲဖြစ်နေချိန် အခြေအနေအရ ဓမ္မဗိမာန်ကြီးကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအား နေရာချ
ထားခဲ့ရာ ထိုအချိန်မှစ၍ စာပြန်ပွဲ အဆက်ပြတ်သွားခဲ့ပါသည်။
မင်္ဂလာဗျူဟာ သာမဏေကျော်စာတော်ပြန်ပွဲ
၁၉၈၆-ခုနှစ်၊ မြိတ်မြို့ဘုရားငါးဆူကျောင်းတိုက် ဆရာတော်
ရန်ကုန်မြို့သို့ ကြွရောက်စဉ် ဦးထိန်ဝင်း၊ ဦးအောင်၊ ဦးကြည်တွဲ၊ ဒေါ်အေးအေး တို့အားခေါ်ယူ၍
”ရှင်သာမဏေများကို ချီးမြှင့်သည်အနေဖြင့် မန္တလေး ပရိယတ္တိသာသနာဟိတအသင်း ကဲ့သို့ ရန်ကုန်မြို့တွင်လည်း
သာသနာလင်္ကာရ သာမဏေကျော်စာပြန်ပွဲ ရှိသင့်ကြောင်း” သြဝါဒ ပေးခဲ့ပါသည်။
ဆရာတော်ဘုရားကြီး၏ သြဝါဒကို နာယူလျက်၊ သာသနာပြုဘက်များ
ဖြစ်ကြသော မင်္ဂလာဗျူဟာအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်သိမ်း၊ ဦးချစ်လိုင်၊ ဗိုလ်မှူးဗလ တို့နှင့်
စည်းဝေးတိုင်ပင်ပြီး မင်္ဂလာဗျူဟာသာမဏေကျော် စာတော်ပြန်ပွဲအဖွဲ့ကြီး ကိုဖွဲ့ကာ ၁၉၈၈-ခုနှစ်တွင်
စတင်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါသည်။
စာတော်ပြန်ပွဲ အဖွဲ့ကိုလည်း အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်။
မှော်ဘီ သာသနာ့ဝန်ဆောင် ပန်းကုံးဆရာတော်၏ သြဝါဒကို
ခံယူလျက် ဦးထိန်ဝင်းက နာယက အဖြစ်ဆောင်ရွက်၍၊ ဥက္ကဋ္ဌ ဦးအောင်သိမ်း၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးဗလ၊
အတွင်းရေးမှူး ဦးချစ်လှိုင်၊ တွဲဖက် အတွင်းရေးမှူး ဦးကြည်တွဲ၊ ဘဏ္ဍာရေးမှူး ဦးအောင်၊
စာရင်းစစ် ဒေါ်မြင့်မြင့် နှင့် အဖွဲ့ဝင်များအဖြစ် ဦးထွန်းလှိုင်၊ ဦးသိမ်းအောင်၊ ဦးတင်ရွှေ၊
ဒေါ်အေးအေး၊ ဒေါ်လှသွင်၊ ဦးအုံးခင်၊ ဦးဖေကြည် တို့ဖြင့်ဖွဲ့စည်းခဲ့ပါသည်။ ရုံးအဖွဲ့မှူး
အဖြစ် ဦးမြင့်သောင်း အားတာဝန်ပေး၍ စာမေးပွဲလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
ရှင်သာမဏေဓမ္မဗိမာန် သာသနာ့ဝန်ဆောင်အဖွဲ့
၁၉၉၁-ခု၊ စက်တင်ဘာလတွင် ရှင်သာမဏေစာပြန်ပွဲ အဖွဲ့၏
ဥက္ကဋ္ဌဖြစ်သူ ဦးတင်ထူး (သုဓမ္မ ဝတီပုံနှိပ်တိုက်) နှင့် အမှုဆောင်များသည် ၁၀ရ-မင်းရဲကျော်စွာလမ်း
နေအိမ်တွင် ဦးထိန်ဝင်း နှင့်အဖွဲ့အား သာသနာပြုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာတွင်
ဤဓမ္မာရုံကြီးကို အသုံးချ ပါရန် တိုက်တွန်းဆွေးနွေး ကြပါသည်။
၁၉၉၁-ခု၊ ဒီဇင်ဘာလ(၂၃)ရက်တွင် ဦးတင်ထူးအဖွဲ့နှင့်
ဦးထိန်ဝင်းအဖွဲ့တို့ ထပ်မံတွေ့ဆုံရာ ဦးတင်ထူးက မိမိတို့အဖွဲ့အနေနှင့် ရှင်သာမဏေစာပြန်ပွဲကို
ဆက်လက်ကျင်းပနိုင်ခြင်း မရှိတော့သဖြင့် ဦးထိန်ဝင်းတို့ ကျင်းပလျက် ရှိသော မင်္ဂလာဗျူဟာသာမဏေကျော်
စာတော်ပြန်ပွဲ လုပ်ငန်းကို ဤဓမ္မာရုံကြီး၌ပင် ကျင်းပ၍ ဓမ္မဗိမာန်ကြီးကိုလည်း ဆက်လက်စောင့်
ရှောက်ရန် အပြီးအပိုင် လွှဲအပ်ခဲ့ပါသည်။
ဤသို့ဖြင့် ဦးတင်ထူးတို့၏ မူလအမှုဆောင်များနှင့် မင်္ဂလာဗျူဟာ
သာမဏေကျော် စာတော်ပြန်ပွဲ အဖွဲ့မှအမှုဆောင်များ စုပေါင်းပြီး အလုပ်အမှုဆောင်အဖွဲ့သစ်ကို
ပြန်လည်ဖွဲ့ စည်းခဲ့ပါသည်။
ယင်းနောက်တွင် အဖွဲ့ဝင်များ၏ ဆန္ဒနှင့်အညီ ရှင်သာမဏေဓမ္မဗိမာန်ကြီး၌
စာပြန်ပွဲလုပ်ငန်း တစ်ခုတည်း ဆောင်ရွက်နေခြင်းထက်၊ ဗုဒ္ဓသာသနာတော်ကြီး သန့်ရှင်း တည်တန့်
ပြန့်ပွားရေး အတွက် အခြားသာသနာပြု လုပ်ငန်းများပါ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ အဖွဲ့စည်းမျဉ်း
ဥပဒေကို ပြန်လည်ရေးဆွဲခဲ့ကြပါသည်။
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သို့လည်း အသင်းအဖွဲ့ မှတ်ပုံတင်လျှောက်ထားခဲ့ရာ
၁၉၉၂-ခု ဒီဇင်ဘာလ(၁၅)ရက် နေ့စွဲဖြင့် မှတ်ပုံတင်ခွင့်ရရှိခဲ့ပါသည်။
ထိုအချိန်တွင် ဓမ္မာရုံကြီး၌ လုံခြုံရေးအဖွဲ့ဝင်များ
နေရာချထားသဖြင့် နှစ်စဉ် နတ်တော်လ၌ ကျင်းပမြဲဖြစ်သော သာမဏေကျော်စာတော်ပြန်ပွဲ (၃)ရက်
ကျင်းပပြုလုပ်ခြင်းမှတပါး အခြားသာသနာရေး လုပ်ငန်းများဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။
၁၉၉၄-ခု၊ ဒီဇင်ဘာလတွင် ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး၏
ကူညီစောင့်ရှောက်မှုဖြင့် ဓမ္မာရုံကြီးကို ပြန်လည်အသုံးချခွင့် ရရှိခဲ့ပါသည်။
ဓမ္မဗိမာန်ကြီး ရေရှည်တည်တံ့ခိုင်မြဲရန်၊ ဤ သာမဏေကျော်စာတော်ပြန်ပွဲကို
နှစ်စဉ် မပျက်မကွက် ကျင်းပရန်နှင့် အခြား ဗုဒ္ဓသာသနာအတွက် အကျိုးပြုလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန်
ဟူသော ရည်ရွယ်ချက်များချမှတ် ထားပါသည်။
Saturday, 14 September 2013
သာသနာ့ဝန်ဆောင်အဖွဲ့၏ ရည်ရွယ်ချက်
”မြတ်စွာဘုရား၏
ထေရဝါဒ သာသနာတော်ကို ကိုယ်ကျင့်တရားဖြင့် ထင်ရှားစေရမည်” ဟူသော ဆောင်ပုဒ်ကို ပြဌာန်း၍
အောက်ပါ ရည်ရွယ်ချက်များ ချမှတ်ထားပါသည်။
(ဂ) အသိအလိမ္မာကိုအခြေခံ၍ လောဘ၊ဒေါသ၊မောဟ တရားများ ပါးလွှာစေသော ဗုဒ္ဓအဆုံးအမတရားတော် များလက်တွေ့ကျင့်စဉ်များ ဖွံ့ဖြိုးစေရန်အတွက်
အထောက်အကူ အစီအမံများ ပြုလုပ်ပေးရန်။
(က) ပရိယတ္တိသာသနာတော်ကြီး အရှည် တည်တံ့ပြန့်ပွားစေရန် သာမဏေကျော် စာတော်ပြန်ပွဲများကို
နှစ်စဉ်ကျင်းပပြီး မြတ်စွာဘုရား၏ အဆုံးအမတရားတော်များကို စာဖြေသံဃာများ သန္တာန်၌ ပေါ်လွင်ထင်ရှားစေကာ
ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ အနှစ်သာရကို ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်ကြရန်။
(ခ) မြတ်စွာဘုရား၏ အဆုံးအမ ယဉ်ကျေးမှု အသိအလိမ္မာများကို ကလေးသူငယ်များမှ
အစပြုကာ လူလတ် လူကြီးပိုင်း အရွယ်အထိ စိမ့်ဝင်ပြန့်နှံစေ၍ လက်တွေ့ဘဝ၌ အသုံးချနိုင်ရေးအတွက်
ကြိုးပမ်းဆောင်ရွက်ကြရန်။
Friday, 13 September 2013
သာသနာ့ ဝန်ဆောင်အဖွဲ့ ဖွဲ့စည်းပုံ
ရည်ရွယ်ချက်များကို
အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန်အတွက်
(၁) သြဝါဒါစရိယ ဆရာတော်များအဖွဲ့၊
(၂) နာယကလူကြီးများအဖွဲ့၊
(၃) ပိဋကတ်ပညာရှင်များအဖွဲ့၊
(၄) အလုပ်အမှုဆောင်အဖွဲ့၊
(၅) အမှုဆောင်အဖွဲ့ဝင်များအဖွဲ့၊
(၆) လုပ်ငန်းကော်မတီအဖွဲ့ငယ်များ ဟူ၍ ဖွဲ့စည်းထားပါသည်။
သြဝါဒါစရိယ
ဆရာတော်များအဖွဲ့ (၂၀၁၃ - ၂၀၁၄ ခုနှစ်)
၁။ ဘ ဒ္ဒ န္တ ဝိဇ္ဖောတ (အဂ္ဂမဟာပဏ္ဍိတ)
ဝိဇ္ဇောတာရုံ ကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်။
၂။ ဘ ဒ္ဒ န္တ ပညိဿရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)
သာသနာ့ဂုဏ်ရည်ချမ်းသာကြီးကျောင်းတိုက်၊ လိုင်သာယာမြို့နယ်။
၃။ ဘ ဒ္ဒ န္တ ဂုဏိဿရ (အဂ္ဂမဟာပဏ္ဍိတ)
မြောင်းမြ-ပဇ္ဇောတာရုံကျောင်းတိုက် နှင့်
မှော်ဘီ သာသနာ့ဝန်ဆောင်ကျောင်းတိုက်။
၎။ ဘ ဒ္ဒ န္တ တိလောကာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့နယ်။
၅။ ဘ ဒ္ဒ န္တ ပဏ္ဍိတာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)
မဟာဗောဓိစာသင်တိုက်၊ ရန်ကင်းမြို့နယ်။
၆။ ဘ ဒ္ဒ န္တ သိရိန္ဒာဘိဝံသ (တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊
အဂ္ဂမဟာပဏ္ဍိတ)
မဟာဝိသုဒ္ဓါရုံ ရွှေကျင်ကျောင်းတိုက်၊ ဗဟန်းမြို့နယ်။
နာယကလူကြီးများအဖွဲ့
(၂၀၁၃ - ၂၀၁၄ ခုနှစ်)
၁။ ဦးဌေးအောင် (မဟာသဒ္ဓမဇောတိကဓဇ၊ မိုးဇလ-ညွှန်မှူး-ငြိမ်း။
၂။ ဦးမျိုးညွန့် (ဒုတိယဗိုလ်ချုပ်ကြီး - ငြိမ်း)
၃။ ဒေါက်တာမင်းတင်မွန်
ပိဋကတ်ပညာရှင်များအဖွဲ့
(၂၀၁၃- ၂၀၁၄ ခုနှစ်)
၁။ ဦးသောင်းလွင် (သ. အ ဓမ္မာစရိယ၊ ဘီအေ၊ ဝဋံသကာ)
၂။ ဦးမြင့်စိုး (ဓမ္မာစရိယ ပါဠိပါရဂူ၊ ဝိနယပါရဂူ၊
တွဲဖက်ပါမောက္ခ၊ သာသနာ့တက္ကသိုလ်)
၃။ ဦးစိုးတင့် (သ. စ. အ ဓမ္မာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ)
၎။ ဦးထွန်းရွှေ (ဓမ္မာစရိယ၊ ဘီအေ)
အလုပ်အမှုဆောင်အဖွဲ့
(၂၀၁၃ - ၂၀၁၄ ခုနှစ်)
၁။ ဦးအောင် ဥက္ကဋ္ဌ
၂။ ဦးတင်ဝင်း ဒု- ဥက္ကဋ္ဌ
၃။ ဦးတင်ရွှေ ဒု-
ဥက္ကဋ္ဌ
၎။ ဒေါ်သန်းနိုင် ဒု- ဥက္ကဋ္ဌ
၅။ ဦးကြည်တွဲ အတွင်းရေးမှူး
၆။ ဒေါ်အေးအေး တွဲဖက်
အတွင်းရေးမှူး (စာပြန်ပွဲ)
ရ။ ဒေါ်သိ င်္ဂီလှိုင် တွဲဖက် အတွင်းရေးမှူး (သင်တန်း)
၈။ ဒေါ်ကြည်ကြည်မေ တွဲဖက် အတွင်းရေးမှူး (သင်တန်း)
၉။ ဦးထွန်းနေဝင်း တွဲဖက် အတွင်းရေးမှူး (စီမံ)
၁၀။ ဦးလှမြင့် ဘဏ္ဍာရေးမှူး
၁၁။ ဦးတင်အောင်စိုး တွဲဖက် ဘဏ္ဍာရေးမှူး
၁၂။ ဒေါ်မြင့်မြင့် စာရင်းစစ်
၁၃။ ဒေါ်နီနီဝင်း တွဲဖက်
စာရင်းစစ်
၁၄။ ဦးလွင်ဖြိုးသော်စိုး ပြန်ကြားရေးမှူး
၁၅။ ဦးမြတ်မင်းဦး တွဲဖက် ပြန်ကြားရေးမှူး
၁၆။ ဦးကျော်ညွန့် အလုပ်အမူဆောင်
၁ရ။ ဒေါ်မြတ်ထူးကြွယ် အလုပ်အမူဆောင်
၁၈။ ဒေါ်ငြိမ်းအေး အလုပ်အမူဆောင်
၁၉။ ဒေါ်မိမိ အလုပ်အမူဆောင်
အမှုဆောင်အဖွဲ့ဝင်များအဖွဲ့
(၂၀၁၃ - ၂၀၁၄ ခုနှစ်)
၁။ ဦးကျော်ဝင်း ၁၀။ ဦးရှိန်ကြည် ၂၀။ ဒေါ်လဲ့လဲ့ဝင်း
၂။ ဦးအေးကို ၁၁။ ဦးချစ်မင်းသူ ၂၁။ ဒေါ်တင်တင်လှ
၃။ ဦးမျိုးမြင့်ထွန်း ၁၂။ ဒေါ်သန်းသန်းအေး ၂၂။ ဒေါ်အေးအေးအောင်
၎။ ဦးမိုးကျော် ၁၃။ ဒေါ်ထွေးထွေးနု ၂၃။ ဒေါ်သန်းယုဝေ
၅။ ဦးကံအောင် ၁၄။ ဒေါ်မြမြ ၂၄။ ဒေါ်မူမူခင်
၆။ ဦးမောင်ဝင်း ၁၅။ ဒေါ်စုစု ၂၅။ ဒေါ်ခင်ခင်ဝင်း
ရ။ ဦးစိုးမိုးနိုင် ၁၆။ ဒေါ်စိုးစိုးအောင် ၂၆။ ဒေါက်တာသူဇာသန်း
၈။ ဦးကျော်သူလွင် ၁ရ။ ဒေါ်မြင့်မြင့်ချို ၂၇။ ဒေါ်ဌေးဌေးညွန့်
၉။ ဦးရဲနိုင်ထွန်း ၁၈။ ဒေါ်ခင်စောမူ ၂၈။ ဒေါ်မိုးပပသန်း
လုပ်ငန်းကော်မတီအဖွဲ့ငယ်များ (၂၀၁၃ - ၁၄ ခုနှစ်)
(က) သင်တန်းနှင့်ဟောပြောပွဲအဖွဲ့
၁။ ဒေါ်သိ င်္ဂီလှိုင် ၆။ ဦးမျိုးမြင့်ထွန်း ၁၁။ ဦးမြတ်မင်းဦး
၂။ ဒေါ်ကြည်ကြည်မေ ရ။ ဒေါ်မြတ်ထူးကြွယ် ၁၂။ ဒေါ်သန်းသန်းအေး
၃။ ဦးတင်ဝင်း ၈။ ဒေါ်မိမိ ၁၃။ ဦးကံအောင်
၎။ ဒေါ်သန်းနိုင် ၉။ ဦးထွန်းနေဝင်း ၁၄။ ဦးမောင်ဝင်း
၅။ ဒေါ်အေးအေး ၁၀။ ဦးလွင်ဖြိုးသော်စိုး
(ခ) စာကြည့်တိုက်နှင့်စာစောင်ထုတ်ဝေရေးအဖွဲ့
၁။ ဦးအောင် ၄။ ဦးထွန်းနေဝင်း ရ။ ဦးမောင်ဝင်း
၂။ ဦးတင်ဝင်း ၅။ ဦးမြတ်မင်းဦး
၃။ ဦးလွင်ဖြိုးသော်စိုး ၆။ ဦးမျိုးမြင့်ထွန်း
(ဂ) ဘဏ္ဍာငွေ ရှာဖွေရေးအဖွဲ့
၁။ ဦးအောင် ၅။ ဒေါ်သန်းနိုင် ၉။ ဒေါ်သိ င်္ဂီလှိုင်
၂။ ဦးလှမြင့် ၆။ ဦးကျော်သူလွင် ၁၀။ ဒေါ်ငြိမ်းအေး
၃။ ဦးတင်ရွှေ ရ။ ဒေါ်မြင့်မြင့်
၎။ ဦးတင်အောင်စိုး ၈။ ဒေါ်မြတ်ထူးကြွယ်
(ဃ) ပြန်ကြား/ဆက်သွယ် စည်းရုံးရေးအဖွဲ့
၁။ ဦးလွင်ဖြိုးသော်စိုး ၄။ ဦးမျိုးမြင့်ထွန်း ၈။ ဒေါ်သန်းသန်းအေး
၂။ ဦးမြတ်မင်းဦး ၅။ ဦးထွန်းနေဝင်း
၃။ ဦးမိုးကျော် ရ။ ဒေါ်မြတ်ထူးကြွယ်
(င) အဆောက်အဦထိန်းသိမ်းရေးနှင့် ဝေယျာဝစ္စအဖွဲ့
၁။ ဦးအောင် ၃။ ဦးကျော်ညွန့် ၅။ ဦးတင်အောင်စိုး
၂။ ဦးကြည်တွဲ ၄။ ဦးအေးကို
ရုံးအဖွဲ့မှူး - ဦးအောင်ဆန်းဦး




