Saturday, 14 September 2013

သာသနာ့ဝန်ဆောင်အဖွဲ့၏ ရည်ရွယ်ချက်

မြတ်စွာဘုရား၏ ထေရဝါဒ သာသနာတော်ကို ကိုယ်ကျင့်တရားဖြင့် ထင်ရှားစေရမည်” ဟူသော ဆောင်ပုဒ်ကို ပြဌာန်း၍ အောက်ပါ ရည်ရွယ်ချက်များ ချမှတ်ထားပါသည်။

(က)      ပရိယတ္တိသာသနာတော်ကြီး အရှည် တည်တံ့ပြန့်ပွားစေရန် သာမဏေကျော် စာတော်ပြန်ပွဲများကို နှစ်စဉ်ကျင်းပပြီး မြတ်စွာဘုရား၏ အဆုံးအမတရားတော်များကို စာဖြေသံဃာများ သန္တာန်၌ ပေါ်လွင်ထင်ရှားစေကာ ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ အနှစ်သာရကို ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်ကြရန်။ 

(ခ)        မြတ်စွာဘုရား၏ အဆုံးအမ ယဉ်ကျေးမှု အသိအလိမ္မာများကို ကလေးသူငယ်များမှ အစပြုကာ လူလတ် လူကြီးပိုင်း အရွယ်အထိ စိမ့်ဝင်ပြန့်နှံစေ၍ လက်တွေ့ဘဝ၌ အသုံးချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်။
 
(ဂ)        အသိအလိမ္မာကိုအခြေခံ၍ လောဘ၊ဒေါသ၊မောဟ တရားများ ပါးလွှာစေသော ဗုဒ္ဓအဆုံးအမတရားတော် များလက်တွေ့ကျင့်စဉ်များ ဖွံ့ဖြိုးစေရန်အတွက် အထောက်အကူ အစီအမံများ ပြုလုပ်ပေးရန်။             

No comments:

Post a Comment